Product Highlight

ဘိလပ်မြေ

SCG ပို့လန်ဘိလပ်မြေ

SCG ပို့လန်ဘိလပ်မြေသည် ခိုင်ခံ့မှုမြင့်မားသော ပို့လန်ဘိလပ်မြေအမျိုးအစား Type I ဖြစ်သည်။ ကွန်ကရစ်ခိုင်ခံ့မှုမြင့်မားစွာလိုအပ်သည့် ဖောင်ဒေးရှင်းတိုင်၊ ယက်မ၊ ဆလက်လောင်းသည့် နေရာ၊ လျှောက်လမ်း စသည်တို့ကို ဆောက်လုပ်ရာတွင်အသုံးပြုနိုင်သည့်အပြင် အထပ်မြင့်အဆောက်အဦး၊ အဝေးပြေးလမ်း၊ အားကစားကွင်းနှင့် လေယာဉ်ကွင်းများကဲ့သို့သော အဆောက်အဦးများ ကိုသာလွန်ကောင်းမွန်သောကြံ့ခိုင်မှု နှင့် ရေရှည်ခံမှုကို အားဖြည့်ပေးနိုင်သော အမေရိကန်စံချိန်စံညွှန်း ASTM C 150 ဖြင့် အရည်အသွေးမြင့်မားစွာ ထုတ်လုပ်ထားသော ဘိလပ်မြေဖြစ်ပါသည်။ 


မှတ်ချက်။

ကွန်ကရစ်ရောစပ်ခြင်းပုံစံကို အသုံးပြုမည့်နေရာကိုလိုက်ကာ အင်ဂျင်နီယာညွှန်ကြားသည့်အတိုင်း ရောစပ်ပုံအချိုးအစားကို ပြောင်းလဲ အသုံးချနိုင်သည်။


SCG အုတ်စီအချောကိုင်ဘိလပ်မြေ

  • SCG Masonry ဘိလပ်မြေဟာ အုတ်စီခြင်းနဲ့အချောကိုင်ခြင်းအတွက် အသုံးပြုရန်ဖြစ်ပါတယ်။
  • ASTM C-1157-03 Standard နဲ့အညီထုတ်လုပ်ထားပါတယ်။
  • ဆွဲကပ်အားအထူးကောင်းမွန်ပြီး  ချောမွေ့သော အုတ်နံရံကိုရရှိမည်ဖြစ်ပါတယ်။