SCG၏အရောင်းကိုယ်စားလှယ်ကြီးများအတွက်ကျင်းပပေးသော ဂုဏ်ပြုညစာစားပွဲ Build With Pride Party

SCG ၏ စီးပွားဖက်များနှင့် ဖောက်သည်များအား ကျေးဇူးတုန့်ပြန်သည့်အနေဖြင့် နှစ်စဉ်ပြုလုပ်လေ့ရှိသည့် Build With Pride Party အခမ်းအနားကို ၈ ကြိမ်မြောက်အနေဖြင့် ရန်ကုန်မြို့ရှိ Novotel ဟော်တယ်တွင် နှစ်ရက်ဆက်တိုက် ကျင်းပပြုလုပ်ခဲ့ပါသည်။



SCG ၏ စီးပွားဖက်များနှင့် ဖောက်သည်များအား ကျေးဇူးတုန့်ပြန်သည့်အနေဖြင့် နှစ်စဉ်ပြုလုပ်လေ့ရှိသည့် Build With Pride Party အခမ်းအနားကို ၈ ကြိမ်မြောက်အနေဖြင့် ရန်ကုန်မြို့ရှိ Novotel ဟော်တယ်တွင် ဇန်န၀ါရီလ ၂၅ နှင့် ၂၆ နှစ်ရက်ဆက်တိုက် ကျင်းပပြုလုပ်ခဲ့ပါသည်။ ၄င်းပွဲသို့ အစိုးရအရာရှိ ကြီးများ၊ ဗိသုကာပညာရှင်များ၊ ဆောက်လုပ်ရေးလုပ်ငန်းရှင်များနှင့် အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်ပိုင်ရှင်များလည်း တက်ရောက်ခဲ့ကြပါသည်။ ထို့အပြင် ထိုင်းနိုင်ငံမှ နာမည်ကြီးအဆိုတော်များ အပြင် မြန်မာနိုင်ငံမှအဆိုတော်ကြီးများဖြစ်ကြသော ဗမာပြည်သိန်းတန် နှင့် ဇော်ပိုင်တို့ကလည်း တေးသီချင်းများစွာဖြင့် ဖျော်ဖြေပေးခဲ့ကာ ပွဲသို့တက်ရောက်လာများအတွက် ကံစမ်းမဲအစီ အစဉ်များလည်း ပြုလုပ်ပေးခဲ့ပါသည်။