22.05.2018
နေအိမ်ဆိုင်ရာဗဟုသုတများ
သစ်အစားထိုးထုတ်ကုန်ကိုရွေးချယ်အသုံးပြုသင့်သည့်အကြောင်းရင်းများ
သစ်သားအစာထိုးအနေဖြင့် အိမ်တစ်လုံးကို တည်ဆောက်တော့မည်ဆိုလျှင် သစ်တောပြုန်းတီးမှုကိုလျှော့ချပေးပြီး ၊ ကမ္ဘာ့သယံဇာတများကို ထိန်းသိမ်းသောအနေဖြင့် SCG Smartwood သစ်သားအစားထိုးကို ရွေးချယ်ခြင်းသည် အသင့်တော်ဆုံးဖြစ်ပါသည်။
သစ်သားအစာထိုးအနေဖြင့် အိမ်တစ်လုံးကို တည်ဆောက်တော့မည်ဆိုလျှင် သစ်တောပြုန်းတီးမှုကိုလျှော့ချပေးပြီး ၊ ကမ္ဘာ့သယံဇာတများကို ထိန်းသိမ်းသောအနေဖြင့် SCG Smartwood သစ်သားအစားထိုးကို ရွေးချယ်ခြင်းသည် အသင့်တော်ဆုံးဖြစ်ပါသည်။ Smartwood ဆိုသည်မှာ ဓာတုနည်းပညာဖြင့် ပေါင်းစပ်ပြုလုပ်ထားပြီး သစ်သားအစားထိုးအတွက် အထူးထုတ်လုပ်ထားခြင်းဖြစ်ပါသည်။ ထုတ်လုပ်သူတွေအနေဖြင့် သစ်သားအမျိုးမျိုး၏ အားနည်းချက်များကို သိရှိထားပြီးဖြစ်သောကြောင့် တတ်နိုင်သ၍ အားနည်းချက်များကို လျော့ချပြီး SCG Smartwood ကို သဘာဝ သစ်သားထက် ပို၍ကောင်းသော သွင်ပြင် (သို့မဟုတ်) တူညီသောသွင်ပြင် အရည်အသွေးတို့ဖြင့် ထုတ်လုပ်ထားပါသည်။ SCG Smartwood နှင့် သဘာဝ သစ်သားတို့၏ သွင်ပြင်လက္ခဏာများကို လေ့လာကြည့်ကြပါစို့။ သစ်သားအစစ် ( သို့မဟုတ် ) သဘာဝသစ်သားကို များသောအားဖြင့် မျက်နှာစာပိတ်နှင့် အမိုးတံစက်မြိတ်တို့တွင် တပ်ဆင်အသုံးပြုလေ့ရှိပါသည်။ သဘာဝသစ်သားများသည် ပြင်းထန်သော ရာသီဥတု ပြောင်းလဲမှုနှင့် ကြုံတွေ့ရသောအခါ ခြောက်သွေ့ခြင်း ၊ ကွေးခြင်း နှင့် နဂိုပုံစံ နှင့် မတူညီတော့ဘဲ သွင်ပြင်ပျက်ခြင်းများ ဖြစ်ပေါ်တတ်ပါသည်။
SCG Smartwood သည် သဘာဝသစ်သားများမှ ဖြစ်ပေါ်တတ်သော လက္ခဏာများ ဖြစ်ခြင်းမရှိပါ။ အဘယ်ကြောင့်ဆိုသော် SCG Smartwood ကို Portland ဘိလပ်မြေနှင့် Cellulose Fibers များဖြင့် ပေါင်းစပ် ပြုလုပ်ထားပြီး Smartwood ၏ ဆန့်နိုင် ကျုံ့နိုင်ခြင်းသည် အနည်းငယ်သာရှိသောကြောင့် ကောက်ကွေးခြင်းနှင့် သွင်ပြင်ပျက်ခြင်းများမှ အပြည့်အ၀ကာကွယ်ပေးနိုင်ပါသည်။ ဒါ့အပြင် SCG Smartwood သည် စိုစွတ်ခြင်းကို တားဆီးပေးနိုင်ခြင်း ၊ ရေစုပ်ယူမှု လုံးဝမရှိခြင်း တို့ကြောင့် သစ်ဆွေးမြေ့ခြင်းများမှ ကာကွယ်ပေးနိုင်ပါသည်။ ထို့ကြောင့် SCG Smartwood ကို အစိုဓာတ်နှင့် ရေကြီးခြင်းတို့ ကျရောက်တတ်သောနေရာများတွင် အသုံးပြုရန်သင့်တော်သော သစ်အစားထိုးပစ္စည်းတစ်မျိုးဖြစ်ပါသည်။ အခြားသော SCG Smartwood ၏ အားသာချက်မှာ မီးလောင်ခြင်းကို အားမပေးခြင်းဖြစ်ပါသည်။ အကယ်၍ မီးလောင်မှု မတော်တဆ ဖြစ်ပွားခဲ့လျှင် SCG Smartwood ဖြင့် တည်ဆောက်ထားသော အဆောက်အဦး အစိတ်အပိုင်းသည် လောင်စာအဖြစ် တည်ရှိနေမည်မဟုတ်ပါ။
သဘာဝသစ်သား (ထင်းရှူး) များသည် အသုံးပြုသည့် အချိန်မှစ၍ ၅-၇ နှစ်အထိ သက်တမ်းကြာရှည်ခံပါသည်။ ထိုသစ်သားများ၏ သက်တမ်းများသည် အောက်ပါအချက်များတွင် မူတည်၍ ပြောင်းလဲပါသည်။
(၁) သစ်ထုတ်လုပ်မှု အရည်အသွေး
(၂) ဓာတုဗေဒ ဆေးဝါးများအသုံးပြုခြင်း
(၃) တာရှည်ခံစေသောဆေးဝါးများ အသုံးပြုခြင်း တို့အပေါ်တွင် မူတည်ပါသည်။
ဒါ့အပြင် သဘာဝသစ်သားများသည် ရာသီဥတုဒဏ် အပူ (သို့မဟုတ်) စိုစွတ်ခြင်းတို့အပေါ်မှာ မူတည်ပါသည်။ SCG Smartwood နှင့် နှိုင်းယှဉ်ရမည်ဆိုလျှင် သစ်အစားထိုးသည် တစ်နေရာထဲတည်းတွင် ထုတ်လုပ်ထားသောကြောင့် သဘာဝသစ်သားကဲ့သို့ ရာသီဥတုဒဏ်များနှင့် ထိတွေ့ခဲ့ရခြင်း မရှိပါ။ ထို့ကြောင့် SCG Smartwood ၏ သက်တမ်းမှာ ၁၅ နှစ်နှင့်အထက် တာရှည်ခံပါသည်။
သဘာဝသစ်သားကို အသုံးပြုရာတွင် ခြ နှင့် ကြမ်းပိုးတို့၏ အန္တရာယ်များ ကြုံတွေ့ရတတ်သောကြောင့် အိမ်အဆောက်အဦး စတင်ဆောက်လုပ်ချိန် မှ စပြီး ထိုပိုးမွှားများကို တိုက်ဖျက်ရန် စတင်ဆောင်ရွက် သင့်ပါသည်။ ခြ နှင့် ကြမ်းပိုး အန္တရာယ်မှ ကာကွယ်နိုင်ရန် ဆေးမသုတ်မှီတွင် ပိုးမွှားကာကွယ်သော ဆေးရည်ကို ဦးစွာသုတ်ပေးရပါမည်။ ထိုသို့လုပ်ဆောင်သော်လည်း ခြ နှင့် ကြမ်းပိုး အန္တရာယ်မှ အပြီးတိုင် လွတ်မြောက်မည်ဟု ယူဆလို့မရပါ။ အဘယ်ကြောင့်ဆိုသော် သစ်သားကိုသုတ်လိမ်းထားသော ပိုးမွှားကာကွယ်သော ဆေးရည်များ ကွာကျသွားသောအချိန်တွင် ခြနှင့်ကြမ်းပိုးများသည် နေအိမ်တွင် ပြန်လည်တည်ရှိနေနိုင်ပြီး သစ်သားများကို ဖျက်ဆီးနိုင်ပါသည်။ ထိုသို့သောအချက်များကြောင့် သဘာဝသစ်သားအစား SCG Smartwood ကို အစားထိုး အသုံးပြုသင့်ပါသည်။ အဘယ်ကြောင့် ဆိုသော် SCG Smartwood တွင် ပါဝင်သော ပစ္စည်းများကို ခြနှင့်ကြမ်းပိုးတို့ ကြိုက်နှစ်သက်ခြင်း မရှိသောကြောင့် SCG Smartwood ကို အသုံးပြုခြင်းအားဖြင့် ခြနှင့်ကြမ်းပိုး အန္တရာယ်ကို လျော့ချနိုင်မည်ဖြစ်သည်။ သဘာဝသစ်သားကို အသုံးပြုရာတွင် နောက်ဆုံးသော အားနည်းချက်တစ်ခုမှာ ဈေးနှုန်းဖြစ်ပါသည်။ ဈေးနှုန်းများသည် သစ်သား၏ အရည်အသွေး နှင့် သစ်အမျိုးအစားပေါ်မူတည်၍ ကွဲပြားကြသည်ကိုလည်း သိရှိကြပြီးဖြစ်ပါသည်။ အများအားဖြင့်ဆိုလျှင် ဈေးနှုန်းသက်သာသော သဘာဝသစ်သားများသည် အရည်အသွေးနှိမ့်ပြီး ဈေးနှုန်းကြီးမှသာ အရည်အသွေးပြည့်မှီသော သဘာဝသစ်သားကို ရရှိမည်ဖြစ်ပါသည်။ သို့သော် SCG Smartwood ကို ကောင်းမွန်သော အရည်အသွေး ၊ သင့်တော်သောဈေးနှုန်းဖြင့် ၀ယ်ယူရရှိနိုင်ပါသည်။ သဘာဝသစ်သားနှင့် သစ်အစားထိုးတို့၏ အားသာချက် အားနည်းချက်တို့ကို နှိုင်းယဉ်ပြသရာတွင် SCG Smartwood သစ်အစားထိုးသည် ပြီးပြည့်စုံသော သွင်ပြင်များရှိနေခြင်းကြောင့် လူကြီးမင်းတို့၏ နေအိမ်အဆောက်အအုံ ဆောက်လုပ်ရာတွင် ရွေးချယ်သင့်သော သစ်အစားထိုး ထုတ်ကုန်တစ်မျိုးဖြစ်ပါသည်။