နေအိမ်အခန်းကန့်ခြင်းများအတွက်အသင့်တော်ဆုံး SCG Smartboard

January 19, 2018

မကြာခဏပြုပြင်ထိန်းသိမ်းရခြင်းမှကင်းဝေးစေရန် အထပ်သားအစား SCG Smartboard ကိုအသုံးပြုပြီးသင့်နေအိမ်အတွက်ခတ်မီဆန်းသစ်သောအလှဆင်မှုတွေကိုပြုလုပ်နိုင်ပါသည်။

အိမ်နံရံတွေ၊ အခန်းတွေကို အထပ်သားအသုံးပြုပြီးကာရံထားတဲ့အခါ အချိန်တွေကြာမြင့်လာတာနှင့်အမျှ ဆွေးမြေ့ခြင်းတွေ၊ ရေနှင့်ထိတွေ့မိခြင်းကြောင့် ပွတက်လာတာတွေဖြစ်ပေါ်တတ်ပါသည်။

ဒါ့အပြင်အထပ် သားပေါ်မှာဆေးသုတ်ရင်လည်း ချောမွေ့မှု မရှိဘဲ ကြမ်းနေတတ်ပါသည်။ အဆိုးဆုံးကတော့ အလွယ်တကူခြစားနိုင်ခြင်းပဲဖြစ်ပါသည်။

.ဒီလိုမျိုးတွေ မဖြစ်အောင် အထပ်သားအား ရေအလွယ်တကူထိတွေ့နိုင်သောနေရာတွင် အသုံးမပြုခြင်း၊ ဆေးသုတ်မည်ဆိုပါက အနည်းဆုံး ၂ထပ် ၃ ထပ် သုတ်ခြင်းနှင့် ခြသတ်ဆေးအားပုံမှန်အသုံးပြုခြင်းတို့ပြုလုပ်ပေးသင့်ပါသည်။ နောက်ထပ်နည်းလမ်းတစ်ခုကတော့ ရေစိုခံ၊ ကျုံ့ခြင်းပွခြင်းမရှိ၊ ခြမစားနိုင် တဲ့ထုတ်ကုန်တွေကို အသုံးပြုခြင်းပဲဖြစ်ပါသည်။ SCG Smartboard ဟာ အရည်အသွေးမြင့် SCG ပို့လန်ဘိလပ်မြေ၊စီလီကာနဲ့ဆဲလူးလို့စ်ဖိုင်ဘာတို့ပေါင်းစပ်ပြုလုပ်ထားတဲ့ဖိုင်ဘာဘိလပ်မြေဘုတ်ပြား ဖြစ်တာကြောင့် ကြာရှည်ခိုင်ခံ့သည့်အပြင် ကျောက်ဂွမ်း မှုန့်မပါဝင်တဲ့အတွက် ကျန်းမာရေးကိုလည်း မထိခိုက်စေနိုင်ပါ။ ဒါ့အပြင် SCG Smartboard ရဲ့သဘာဝသစ်သားထက်သာလွန်ကောင်းမွန်တဲ့အချက်တွေကတော့ ခြမ စားနိုင်ခြင်း၊ ရေစိုခံနိုင်ခြင်းနှင့် တပ်ဆင်ရလွယ်ကူခြင်းတို့ပဲဖြစ်ပါသည်။SCG Smartboard ပေါ်မှာမိမိကြိုက်နှစ်သက်ရာရေဆေးသုတ်ပြီးအသုံးပြုနိုင်ခြင်း၊ လိုအပ်သလိုပုံသွင်းအသုံးပြုနိုင်ခြင်းအစရှိတဲ့အားသာချက်များက မိမိစိတ်ကြိုက်ဒီဇိုင်းအတိုင်းပုံဖော်ဖန်တီးနိုင်ရန်ကူညီပေးပါသည်။ဒါကြောင့် မကြာခဏပြုပြင်ထိန်းသိမ်းရခြင်းမှကင်းဝေးစေရန် အထပ်သားအစား SCG Smartboard ကိုအသုံးပြုပြီးသင့်နေအိမ် အတွက် ခေတ်မီ ဆန်းသစ်တဲ့အလှဆင်မှုတွေကိုပြုလုပ်နိုင်ပါသည်။