တည်နေရာပြမြေပုံ
SCG စမတ်ဘုတ်မျက်နှာကျက်ပြားဖြင့် လင်းလက်တောက်ပပြီးလှပသောပုံစံကို ဖန်တီးရယူလိုက်ပါ။

သင့်အိမ်မျက်နှာကျက်ကို သူမတူထူးခြားလှပအောင် ဖန်တီးလိုက်ပါ။ SCG စမတ်ဘုတ် မျက်နှာကျက်များသည် သင့် အိပ်ခန်း၊ ဧည့်ခန်းနဲ့ လုပ်ငန်းခွင် ဘယ်နေရာမျိုးနှင့်မဆို လိုက်ဖက်မှု ရှိနေတာ တွေ့ရပါလိမ့်မယ်။
မျက်နှာကြက်အုတ်ကြွတ်ပြားများရဲ့ အဓိကလုပ်ငန်းဆောင်တာမှာ အိမ်အတွင်းသို့ဝင်ရောက်လာတဲ့အပူကိုကာကွယ်ပေးခြင်းအပြင် မှန်ကန်တဲ့ ဒီဇိုင်းနဲ့ပစ္စည်းများ ရွေးချယ်မှုအပေါ် မူတည်ပြီး မျက်နှာကြက်အုတ်ကြွတ်တွေဟာ ကွဲပြားနိုင်ပါသေးတယ်။အိမ်အတွင်းအလှဆင်မှုကို လှပဆန်းသစ် ထူးခြားအောင် ပြုလုပ်ထားသော Daranee Piapiya နဲ့ Pairoj Koomyuen အိမ်ကဲ့သို့ အလှဆင်နိုင်ပါတယ်။Daranee နဲ့ Pairoj တို့က သူတို့အိမ်ရဲ့ အခန်းတွေအတွက် မျက်နှာကြက်အုတ်ကြွတ်ပြားများဖြင့် အလှဆင်ခဲ့ကြပါတယ်။ သူတို့ဟာ Nakornsawan ပြည်နယ်မှာရှိတဲ့ Bypass လမ်း ရှိ Home Solution ဆိုင်ခွဲမှ နံရံနဲ့မျက်နှာကျက်အပိုင်းတာဝန်ယူတဲ့အဖွဲ့နဲ့ ပူပေါင်းခဲ့ပါတယ်။ လိုအပ်တဲ့ ဒီဇိုင်းတွေ ရရှိပြီးတဲ့နောက်မှာတော့ နောက်တစ်ဆင့်အနေနဲ့ လိုအပ်တဲ့ ပစ္စည်းတွေ ရွေးချယ်ခဲ့ကြပါတယ်။ သူတို့ဟာ ကြာရှည်ခံ၊ရေစိုခံနိုင်ပြီးခြမစားနိုင်သော စတဲ့ အချက်အပြင် အရေးကြီးဆုံးဖြစ်တဲ့ အဆင်ဒီဇိုင်းပုံစံအမျိုးမျိုးရနိုင်တဲ့ SCG စမတ်ဘုတ်မျက်နှာကျက်ပြားကို ရွေးချယ်လိုက်ကြပါတယ်။ဥပမာ Square Edge,Wood grain, နဲ့ Square Lining တွေဆိုပြီး စုံလင်စွာ ရနိုင်လို့ဖြစ်ပါတယ်။အဲ့ဒါတွေဟာ မျက်နှာကျက်ကိုပိုပြီး ပေါ်လွင်ထင်ရှားလှပနေစေပါတယ်။

ပုံ : ဧည့်ခန်းမျက်နှာကျက် - ထင်ရှားပေါ်လွင်သော ထောင့်ချိုး ဒီဇိုင်းပုံစံမီးရောင်စဉ်ပြေးမျက်နှာကျက်အား SCG စမတ်ဘုတ်ဖြင့်ပြုလုပ်ထားခြင်း။
ပုံ : အိပ်ခန်းမျက်နှာကျက် - သာမန်မျက်နှာကျက်တစ်ခုထက် ပို၍ဆန်းသစ်လှပသော အကွက်လေးကွက်ပါဒီဇိုင်း ပုံစံမျက်နှာကျက်။


ပုံ : အလုပ်ခန်းမျက်နှာကျက် - သစ်ကြောပုံစံ SCG စမတ်ဘုတ်ဖြင့် အဆက်လွှဲတပ်ဆင်ခြင်းစနစ်ဖြင့် ဖန်တီးထားသော ဆန်းသစ်မှုပုံစံမျက်နှာကျက်။
ပုံ : အိပ်ခန်းမျက်နှာကျက် - ခေတ်မှီဆန်းသစ်လှပစွာဖြင့် စိန်ပွင့်သဏ္ဍာန်ပြုလုပ်တပ်ဆင်ထားသော မျက်နှာကျက်ပုံစံ။

မျက်နှာကျက် ကို အလှဆင်ပြီးတဲ့အခါမှာတော့ အိမ်နီးချင်းတစ်ချို့ က မျက်နှာကျက် တွေ သိပ်လှတဲ့ အပေါ် ဗိသုကာပညာရှင် တွေ အကြောင်းကို မေးမြန်နေကြပါတယ်။Daranee နဲ့ Pairoj တို့ရဲ့ အကြိုက်ဆုံး ကတော့ အလုပ်ခန်းပဲ ဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ လှပပြီး ထူးခြားလို့ပဲ ဖြစ်ပါတယ်။ များစွာသော အပြောင်းအလဲတွေကို အိမ်ပိုင်ရှင်ရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီအောင် နောက်ဆုံး လိုချင်တဲ့ဒီဇိုင်း မရခင်အချိန်အထိ ပြုလုပ်ပေးရပါတယ်။ SCG စမတ်ဘုတ်မျက်နှာကျက်ပြားသည် ထူးခြားတဲ့ ပုံစံရှိတာကြောင့် အိပ်ခန်း၊ဧည့်ခန်းနဲ့ အလုပ်ခန်း အားလုံးကို လိုက်ဖက်အောင် အလှဆင်နိုင်တာတွေ့ရပါတယ်။ အဲ့နောက်Pairoj ဟာသူမ စိတ်မပျက်ခဲ့ပါဘူး သူမဆုံးဖြတ်ချက် မှန်ကန်ခဲ့ပါတယ်လို့ ပြောကြားခဲ့ပါတယ်။ Daranne Piapiya နဲ့ Pairoj Koomyuen မိသားစုကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်။
Related products
Thank you for subscribers
Every time you attribute, you make a designer happy