SCG Smartboard ဖြင့် လှပသော မျက်နှာကျက်ပြားများ

July 25, 2019

မျက်နှာကျက်ပြားဆိုတာ ကျွန်ုပ်တို့ သိကြတဲ့အတိုင်း အများအားဖြင့် ရိုးရှင်းပြီး ချောမွတ်တဲ့မျက်နှာကျက်ပြားများပင် ဖြစ်ပါတယ်။ တကယ်တော့ ပိုပြီးတော့ ဆွဲဆောင်မှုရှိတဲ့ ဒီဇိုင်းဖန်တီးလို့ရနိုင်ပါတယ်။ အိမ်ဝန်းကျင်ကိုလည်းပိုပြီး သက်ဝင်ထင်ရှားလှပစေသလို အပူဒဏ်ကိုလည်း ခုခံနိုင်ရည်ရှိပါတယ်။


သင့်တော်လှပတဲ့ မျက်နှာကျက်ပြားများကို တပ်ဆင်အသုံးပြုတာဟာ သင့်လျော်မှန်ကန်တဲ့ ရွေးချယ်မှုဖြစ်ပါတယ်။ SCG Smartboard ကဲ့သို့သော ပစ္စည်းတွေဟာ ကြာရှည်ခံနိုင်ခြင်း၊ အစိုဓါတ်ထိန်းပေးခြင်း နဲ့ ခြစားမှုဒဏ်မှလည်း ကာကွယ်ပေးနိုင်ပါတယ်။ ၎င်း၏အထူးဖွဲ့စည်းပုံမှာ SCG ပို့လန်ဘိလပ်မြေ၊ စီလီကာနှင့် အထူးဆဲလ်လူးလို့စ်တို့ဧ။် ဖွဲ့စည်းတည်ဆောက်ပုံကို ပေါင်းစပ်ထားတဲ့ Firm & Flex နည်းပညာမှ ဆင်းသက်လာပါတယ်။


သူဧ။်လုပ်ငန်းဆောင်တာစွမ်းဆောင်ရည်အပေါ် ယုံကြည်စိတ်ချရမှုရှိရှံသာမက SCG Smartboardကို အိမ်အတွင်းအပြင်နှစ်ခုလုံးမှာတပ်ဆင်ပြီးလည်း အိမ်ကိုအလှဆင်ရာတွင်လည်း သုံးနိုင်ပါတယ်။ နောက်ပြီး ရောစပ်တွဲဖက်အသုံးပြုနိုင်တဲ့ အခြားmodelတွေဖြစ်တဲ့ Squared Edge, Square Lining, Wood Grain, Timber နှင့် Ventilated တွေကို အလှည့်ကျတပ်ဆင်ခြင်း (သို့) ပုံစံအသစ်ရအောင် ဖြတ်တောက်ပြီး ဆန်းသစ်သောပုံစံရအောင်ပြုလုပ်နိုင်ပါတယ်။


ခေတ်ပြိုင်ပုံစံဆိုတာ ပြည့်စုံတဲ့ ပေါင်းစပ်မှုတစ်ခု ဖြစ်ပါတယ်။ မတူညီတဲ့ မျက်နှာကျက်ပြားတွေကို သဟဇာတဖြစ်ပြီး လိုက်ဖက်ညီဖို့ကို အဓိကထားပါတယ်။ ခေတ်နှင့်အညီကိုက်ညီမှုရှိတဲ့ ထင်ရှားထူးခြားသော ကိုယ်ပိုင်လက္ခဏာရှိသင့်ပါတယ်။


ခေတ်ဆန်တဲ့ပုံစံဆိုတာ graphics ဖော်ပြချက်များကို မျက်နှာကျက်ပြားများတွင်ပိုထည့်ခြင်းဖြင့် အခန်းကို ပိုမိုခေတ်မှီပြီးသွက်လက်တဲ့ ပုံစံရရှိစေခြင်းဖြစ်ပါတယ်။ မတူညီတဲ့ အမျိုးအစားနှင့် ဒီဇိုင်းတွေကို ရောစပ်ပြီး လိုက်ရောညီထွေမှု့ရှိတဲ့လှပမှုမျိုးသည် အခြားအရာများနှင့်မတူအောင် ထူးခြားတဲ့ မျက်နှာကျက် ဖြစ်အောင် ဖန်တီးပေးနိုင်ပါတယ်။


သဘာဝဆန်ဆန်ပုံစံတွေမှာ squared edgeများ နှင့် wood grain မျက်နှာပြင်များရှိသော SCG Smartboard ဧ။် နှစ်လိုဖွယ်ချောမွေ့သောမျက်နှာပြင်ရှိပါတယ်။ ပေါင်းစပ်လိုက်သည့်အခါမှာတော့ သဘာဝပိုဆန်ပြီး သက်သောင့်သက်သာအပန်းဖြေစရာနေရာလေး ဖြစ်စေပါတယ်။


ထိုင်းအရှေ့တိုင်းပုံစံတွေဟာဆိုရင် ထိုင်းအနုပညာနှင့်လူနေမှုပုံစံကို ရည်ညွှန်းဖော်ပြနေပါတယ်။ ထိုင်းပုံစံကတော့ ယနေ့ခေတ်ဒီဇိုင်းများနှင့်အညီ လိုက်ဖက်အောင် ပြုပြင်ဖန်တီးထားပါတယ်။