SCG Build with Pride ပါတီ ၂၀၁၉

SCG Build with Pride Party ၂၀၁၉ SCG ဧ။် တန်ဖိုးထားအလေးထားရပါသော မိတ်ဖက်နှင့် ဖောက်သည်များကို ကျေးဇူးတင်ဂုဏ်ပြုသည့်အနေဖြင့် မေလ ၂၄ရက်နေ့ ၂၀၁၉တွင် Yangon Convention Centreတွင် SCG Build with Pride ၂၀၁၉ကို “Together for Future”ဆိုသော ယခုနှစ်ပွဲဧ။် themeအတိုင်း ကျင်းပပြုလုပ်ခဲ့ပါသည်။


SCG Build with Pride ပါတီ၂၀၁၉ကို နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်လာခဲ့တာဆိုရင်ဖြင့် ယခုနှစ်ပွဲသည် ကျင်းပပြုလုပ်လာတာ ၁၀နှစ်ပြည့်တဲ့ပွဲလည်းဖြစ်ပါတယ်။ ၄င်းပွဲသို့ စီးပွားရေးမိတ်ဖက်များ၊ ကန်ထရိုက်တာများ၊ စက်ရုံကိုယ်စလှယ်များ၊ ဗိသုကာပညာရှင်များ၊ developerများ၊ မီဒီယာများ တက်ရောက်ခဲ့ကြပါသည်။

ခန်းမအပြင်ဘက်တွင်လည်း အဆာပြေနှင့် သောက်စရာများသုံးဆောင်နိုင်ရန် mini bar နှင့် ဂိမ်းကစားစရာစက်များထားရှိပေးထားပါသည်။ခန်းမထဲတွင်လည်း အရသာရှိလှသော ဟင်းလျာများဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။ ထို့ပြင် အပျိုတော်ယိမ်း၊ ထိုင်းနိုင်ငံမှအကအဖွဲ့များနှင့် မြန်မာနိုင်ငံမှအဆိုတော်ကြီးများဖြစ်သော ဖြူဖြူကျော်သိန်း၊ ဝေလ၊ မယ်ရီတို့မှ ဖျော်ဖြေတင်ဆက်ခဲ့ကြပါတယ်။ ဒါ့အပြင် တက်ရောက်လာသော ဧည့်သည်တော်လူကြီးမင်းများကို LG LED TV ၃၂လက်မ ၊ Samsung အ၀တ်လျှော်စက်၊ ရွှေလက်စွပ်၊ Samsung Galaxy Tab A၊ iphone XS ၊ ရွှေတစ်ကျပ်သား၊ နှစ်ကျပ်သားအစရှိသော ဆုမဲများစွာတို့အပြင် TOYOTA VIOS ကားသစ်နှစ်စီးကိုလည်း ကံစမ်းပေးခဲ့ပါသည်။