SCG Build With Pride; Passion For Better Living 2018

SCG ၏ စီးပွားဖက်များနှင့် ဖောက်သည်များအား ကျေးဇူးတုန့်ပြန်သည့်အနေဖြင့် နှစ်စဉ်ပြုလုပ်လေ့ရှိသည့် SCG Build With Pride: Passion For Better Living 2018 အခမ်းအနားကို 9 ကြိမ်မြောက်အနေဖြင့် ရန်ကုန်မြို့ရှိ Novotel ဟော်တယ်တွင် မတ်လ ၂၉ နှင့် ၃၀ နှစ်ရက်ဆက်တိုက် ကျင်းပပြုလုပ်ခဲ့ပါသည်။

SCG ၏ စီးပွားဖက်များနှင့် ဖောက်သည်များအား ကျေးဇူးတုန့်ပြန်သည့်အနေဖြင့် နှစ်စဉ်ပြုလုပ်လေ့ရှိသည့် SCG Build With Pride: Passion For Better Living 2018 အခမ်းအနားကို 9 ကြိမ်မြောက်အနေဖြင့် ရန်ကုန်မြို့ရှိ Novotel ဟော်တယ်တွင် မတ်လ ၂၉ နှင့် ၃၀ နှစ်ရက်ဆက်တိုက် ကျင်းပပြုလုပ်ခဲ့ပါသည်။ ၄င်းပွဲသို့ အစိုးရအရာရှိ ကြီးများ၊ ဗိသုကာပညာရှင်များ၊ ဆောက်လုပ်ရေးလုပ်ငန်းရှင်များနှင့် အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်ပိုင်ရှင်များလည်း တက်ရောက်ခဲ့ကြပါသည်။ ထို့အပြင် မြန်မာနိုင်ငံ၏ နာမည်ကြီးအဆိုတော်များ ဖြစ်ကြတဲ့ ဇော်ပိုင်၊ စည်သူလွင်၊ ဖြူဖြူကျော်သိန်းနှင့် ၀ိုင်းဆုခိုင်သိန်းတို့ကလည်း တေးသီချင်းများစွာဖြင့် ဖျော်ဖြေပေးခဲ့ပါတယ်။ ဒါ့အပြင် ပွဲသို့တက်ရောက်လာများအတွက် Italy နိုင်ငံသို့ခရီးသွားခွင့်၊ ရွှေငါးကျပ်သား၊ ရွှေနှစ်ကျပ်သား၊ ရွှေတစ်ကျပ်သားဆုမဲများအပြင် Iphone X အစရှိတဲ့ကံစမ်းမဲအစီ အစဉ်များလည်း ပြုလုပ်ပေးခဲ့ပါသည်။